ပန်းတောင်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် Community centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဟောပြောခဲ့ပြီး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ် တားဆီးကာကွယ်၊ လူကုန်ကူးခြင်းခံရမှုစသည့် အကြောင်းအရာများကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် Community centre ခန်းမ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စာအုပ်များ၊ ဗဟုသုတရရှိစေမည့် သုတရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်သား၊ ကျောင်းသူ ၂၁ ဦးကြည့်ရှုခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)