ဝါးခယ်မမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ   ၄၉.၉၅ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

ဝါးခယ်မ  ဇွန်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၆ နာရီအချိန်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာန ၁၂ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၄၉.၉၅ ရာခိုင်နှုန်း‌ ဖြေဆိုအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါးခယ်မမြို့နယ်တွင် ဌာစစ်ဌာန ၁၂ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ(၂၀၂၆)ဦးရှိရာ ဖြေဆိုအောင်မြင်သူ (၉၃၅)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့်  ၄၉.၉၅ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ကြောင်း (၁)ဘာသာဂုဏ်ထူး(၃၁၇)ဦး၊ (၂)ဘာသာဂုဏ်ထူး(၁၁၇)ဦး၊ (၃)ဘာသာဂုဏ်ထူး(၁၂၅)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၅)ဦး၊ (၅)ဘာသာဂုဏ်ထူး(၆)ဦး၊ (၆)ဘာသာဂုဏ်ထူး(၁)ဦးထွက်ရှိကြောင်းနှင့် အဆိုပါ စာစစ်ဌာန အသီးသီးရှိ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား၊‌ ကျောင်းသူမိဘများမှ ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)