အောင်လံ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု စာရင်းကပ်ထားခြင်းကို ယနေ့နံနက် ၆ နာရီက သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် အောင်စာရင်းများ ကပ်ထားလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆို သူ ကျောင်းသား(၄၂၅)ဦး၊ ကျောင်းသူ(၆၆၃)ဦး၊ စုစုပေါင်း(၁၀၈၈)ဦး ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်မှု ကျောင်းသား(၁၅၆)ဦး၊ ကျောင်းသူ(၃၆၁)ဦး၊ စုစုပေါင်း(၅၁၇)ဦးအောင်မြင်ပြီး ရာနှုန်း အားဖြင့် (၄၇.၅၁%) အောင် မြင်လျက်ရှိရာ ဂုဏ်ထူးဖြင့်အောင်မြင်သူများမှာ ၅ ဘာသာဂုဏ်ထူး(၂)ဦး၊ ၄ ဘာသာဂုဏ်ထူး(၂)ဦး၊ ၃ ဘာသာ ဂုဏ်ထူး(၂၀)ဦး၊ ၂ ဘာသာဂုဏ်ထူး(၃၂)ဦး၊ ၁ဘာသာဂုဏ်ထူး (၁၅၄) ဦး ဂုဏ်ထူးများထွက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)