အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၆၃၈)ဦးရှိကာ (၅၁.၂၉)ရာခိုင်နှုန်းရှိ

အိမ်မဲ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ၉ ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၂၄၄)ဦးရှိကာ အောင်မြင်သူ (၆၃၈)ဦး ရှိ၍ ရာခိုင်နှုန်းအားဖြင့် (၅၁.၂၉)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အိမ်မဲမြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ()နာရီ၌ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ထားပေးရာ ကျောင်းသား/သူ များ၊ ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန()ခုမှ ဖြေဆိုသူ စာရင်းရှိ (၁၃၂၉)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၂၄၄)ဦး၊ အောင်မြင်သူ (၆၃၈)ဦးရှိကာ ()ဘာသာဂုဏ်ထူးရှင် (၂၁)ဦး၊ ()ဘာသာ ဂုဏ်ထူးရှင် (၁၅၇)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၉၅)ဦး၊ ()ဘာသာဂုဏ်ထူးရှင် (၁၆၈)ဦးနှင့် ရိုးရိုးအောင် မြင်သူ (၁၉၇)ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)