ဇီးကုန်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများစာရင်းကို သက်ဆိုင်ရာစာစစ်ဌာနအလိုက် ထုတ်ပြန်ကြေညာထားရှိရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသားကျောင်းသူ ၇၅၁ ဦးတွင် ၄၁၉ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က(ဇီးကုန်း)စာစစ်ဌာန၊ အ.ထ.က (မြို့မ)စာစစ်ဌာနနှင့် အ.ထ.က(လေးမျက်နှာ) စာစစ်ဌာန၊ စုစုပေါင်း (၃)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အောင်မြင်သူစာရင်းကို သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ပြန်ကြေညာခဲ့ထားရှိပြီး၊ တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင်လည်း ထုတ်ပြန် ကြေညာထားရှိသည်။
ဇီးကုန်းမြို့နယ်၌ စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူ ၇၅၁ ဦးတွင် ၄၁၉ ဦးအောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း ၅၅.၇၉ ရှိကြောင်းနှင့်တစ်ဘာသာဂုဏ်ထူးရှင် (၁၇၁)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၉)ဦးနှင့် လေးဘာသာဂုဏ်ထူးရှင် (၅)ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)