အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြော

ပုလော    ဇွန်   

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့ အမှတ် ( ) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က မူးယစ်ဆေးဝါးအန္တရာယ်ကတိုင်းပြည်အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သိရှိနားလည်ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးဆိုသည်မှာ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးစွဲစေသည့် အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်စေရန် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ ဆုများ ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် နိုင်ငံတော်အစိုး ရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်း၊ မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ဆိုင်ရာကိစ္စရပ်များကို နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အလားတူ နေ့လယ် ၁ နာရီခွဲတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ ဉာဏ်စမ်းမေးခွန်းမေးမြန်း၍ ဆုချီးမြှင့်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)