ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၅၀.၃၈) ရာခိုင်နှုန်းရှိ

ဒေးဒရဲ ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ()နာရီ အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၅၀.၃၈%) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၄)ခု၌ ကျောင်းသား၊ ကျောင်းသူ (၉၃၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၄၆၉)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၅၀.၃၈%)ရှိပြီး (၁) ဘာသာဂုဏ်ထူး (၁၅၉)ဦး၊ (၂)ဘာသာဂုဏ်ထူး(၄၆)ဦး၊ (၃)ဘာသာဂုဏ်ထူး(၄၀)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်()ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၅၈)ဦး ဂုဏ်ထူး ရရှိခဲ့ကြောင်းနှင့် ဒေးဒရဲမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းအဆင့် (၃၂)ကျောင်းရှိရာ အောင်ချက်အများဆုံး‌ကျောင်းအဖြစ် ဆူးကလပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းက အောင်ချက်ရာခိုင်နှုန်း (၁၀၀%)ဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်ပြန်/ဆက်