ပုလော ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၆ နာရီက ပုလောမြို့နယ် ပညာရေးမှူးရုံးများနှင့်စာစစ်ဌာန (၃) ခုတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ ပုလော၊ ပလ၊ ပလောက် စာစစ်ဌာန (၃)ခုတွင် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူကျောင်းဖြေ (၃၃၄)ဦး တွင် အောင်မြင်သူ (၁၆၂)ဦး ပြင်ပဝင်ရောက်ဖြေဆိုသူ(၁၃၀)ဦးတွင် အောင်မြင်သူ(၇၁)ဦး စုစုပေါင်း အောင်မြင်သူ (၂၃၃) ဦး ရှိကြောင်း၊ အောင်မြင်သူများ၌ (၄)ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၁၃) ဦး ဖြစ်ကြောင်းနှင့် အောင်ချက်ရာ နှုန်းမှာ ၅၀.၂၂ % ရှိကြောင်း ပုလောမြို့နယ်ပညာရေးဌာနမှ သိရသည်။
အေးအေးမော်(ပုလော)