သာပေါင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် "ပန်းခင်းစီမံချက်"အရ အမှတ်(၃၀၈) ခြေမြန်တပ်ရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ စာရင်းကောက်ယူ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် "ပန်းခင်းစီမံချက်"အရ အမှတ်(၃၀၈)ခြေမြန်တပ်ရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ကြရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်နှင့် ဝန်ထမ်းများမှ တပ်မတော်မိသားစုဝင်များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၇)ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား ဆောင်ရွက်ပေးကြပြီး တပ်ရင်းကိုယ်စားလှယ်ထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်