မြိုင် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်က အနာဂတ်အတွက် တန်ဖိုးရှိသော ကျောင်းသားလူငယ်များ မူးယစ်ကင်းစင်ရေး အကြောင်းအရာဖြင့် လည်းကောင်း၊ ဒုတိယရဲမှူး ရန်လင်းနိုင်က ပြစ်မှုနှင့် မူးယစ်ဆေးဝါး အကြောင်းအရာဖြင့် လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်မွန်ထွန်းက မစူးစမ်းစေချင်သော မူးယစ်ဆေးဝါး ခေါင်းစဉ် တို့ဖြင့် အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓါတ်ပုံပြပွဲ ပြသထားရှိမှုများကို လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခါနု