ပုလောမြို့နယ်၊ ပလမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်းထားရှိ စျေးရောင်းချနေမှု စစ်ဆေး

ပုလော၊  စက်တင်ဘာလ  ၇ 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကို ဗစ်−၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း  ရောင်းချခြင်း ရှိ/မရှိကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ နံနက် (၈)နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးနှင့် ၀န်ထမ်းများက ပလမြို့မစျေး၊ မြို့ပေါ် (၁၊ ၂၊ ၃၊ ၄) ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည့်ရောဂါကာကွယ်ရေးပစ္စည်းများထားရှိစေခြင်း၊ လိုအပ်ပါကအချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်းများကို စားသောက်ဆိုင်ပိုင်ရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း ပုလောမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များကို အပတ်စဉ်ကွင်းဆင်း၍ အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော− ပြန်/ဆက် )