သာပေါင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမည့်နေရာ မြေသန့်မင်္ဂလာ အခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်ပန်းခြံဝန်းအတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် က ကျင်းပပြုလုပ်ခဲ့သည်။
မြေသန့်မင်္ဂလာအခမ်းအနားတွင် လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင် (၃၀ ပေ၊ ၆ လက်မ) စိုက်ထူတည်ဆောက်မည့်နေရာ၌ မြို့နယ်သံဃနာယက ဆရာတော်များ ပင့်ဖိတ်၍ ကမ္မဝါစာဖတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်နှင့် ဌာနဆိုင်ရာ များ တတ်ရောက်တရားတော် နာကြားကြပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း