၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပဲခူးမြို့နယ်မှ (၂၃၁၈) ဦးဖြေဆိုရာ (၁၁၆၆) ဦး အောင်မြင်

ပဲခူး ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌ နံနက် (၆) နာရီမှစတင်၍ ထုတ်ပြန်ပေးထားလျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၃၁၈) ဦးရှိပြီး (၁၁၆၆) ဦး အောင်မြင်မှုရရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၀.၃၀) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် ၂၀၂၂  ခုနှစ် ဝင်ရောက်ဖြေဆိုသူ (၁၅၅၉၉) ဦးအနက်မှ (၆၉၆၉) ဦး‌အောင်မြင်သဖြင့် (၄၄.၆၈)ရာခိုင်နှုန်း ဖြစ်ပြီး  ပဲခူးတိုင်းဒေသကြီး(အနောက်) တွင် ဝင်ရောက်ဖြေဆိုသူ (၁၁၅၂၄) ဦးအနက်မှ (၅၅၃၁) ဦး အောင်မြင်ပြီးအောင်ချက် ရာခိုင်နှုန်း (၄၈.၀၀) ရှိရာ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ဝင်ရောက်ဖြေဆိုသူ (၂၇၁၂၃) ဦး၊ အောင်မြင်သူ (၁၂၅၀၀) ဦး၊ အောင်ချက်ရာခိုင်နှုန်း (၄၆.၀၉) ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)