ဒိုက်ဦး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူစေခြင်းနှင့် လစ်လပ်သွားသော နေရာများ၌ ပြန်လည်အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့လည်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ပြီးနောက် ပဲခူးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့က ဖွဲ့စည်းပေးထားသော ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင်က လုပ်ငန်းစီမံချက် နှင့်အညီ ရွေးချယ်နည်းစနစ်ကို ရှင်းလင်းပြောကြားပြီး လစ်လပ်သွားသော နေရာများ ရွေးချယ်ကြသည်။
အဆိုပါ ပြန်လည်အစားထိုးရွေးချယ်ခြင်း အခမ်းအနားကိုဖိတ်ကြား ၁၀၁ ပါး၊ ဆန္ဒပေး ၃၅ ပါး၊ တက်ရောက် ၅၈ ပါး၊ ပျက်ကွက် ၈ ပါးရှိ၍ တက်ရောက် ၉၂.၀၇ ရာခိုင်နှုန်း ရှိကြောင်းနှင့် လစ်လပ်သံဃာတော် ၁၁ ပါး ရွေးချယ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)