ကြံခင်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဇာထိုး၊ ပန်းထိုးသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းမှ အမျိုးသမီးများ အားလပ်ချိန်တွင် အိမ်တွင်း စီးပွားရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဇာထိုး၊ ပန်းထိုး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထိုနောက် ဇာထိုး၊ ပန်းထိုးသင်တန်းဆရာမ ဒေါ်သျှီနဒီကျော်မှ ဇာထိုးနည်း အဆင့်ဆင့်နှင့် ချည်ဖြင့် ပန်းပွင့်ပုံဖော်ထိုးနည်းများကို လက်တွေ့ သင်ပြခဲ့ပြီး Woman Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ ဇွန်(၁၅)ရက်နေ့ မှဇွန်(၁၆)ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show အစီအစဉ်များ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်စတဲ့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)