ကလိန်အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များနှင့်လက်ဖက်ဆိုင်များသို့ အိမ်တိုင်ရာရောက်( Mobile) စနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ကလိန်အောင် ဇွန် ၁၆

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ အမှားနှင့်အမှန်ကိုဝေဖန်ပိုင်းခြားတတ်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မီးသတ်ဦးစီးဌာနရုံးနှင့် မြို့ပေါ်ရပ် ကွက်များရှိ လူနေအိမ်များနှင့်လက်ဖက်ရည်ဆိုင်များသို့ အိမ်တိုင်ရာရောက်(Mobile)စနစ်ဖြင့် သုတ/သရစာအုပ်များ အခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။

ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန် အချိန်ကိုအကျိုးရှိရှိအသုံးပြုတတ်စေရန်၊ ငှားရမ်းပေးသည့်စာအုပ်များဖတ်ရှုရ၍ စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များအား အခမဲ့သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)