ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးတွင် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဓနုဖြူ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၁၀) ရပ်ကွက်ရှိ သမိုင်းဝင်ကျိုက္ကလွန်ပွန်း စေတီတော် မြတ်ကြီး၏ သန့်ရှင်းရေးကို ယနေ့ နံနက် (၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် မီးသတ်ဦးစီးအရာရှိ ဦးနောင်နောင်နှင့် သန့်ရှင်းရေးအဖွဲ့ဖြစ် သော သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး ဘုရားဝန်းအတွင်းရှိ ရာဇမုနိတန်ဆောင်းနှင့် စင်္ကြာမာန်အောင်တန်ဆောင်းအတွင်း ကြက်ခိုးများ၊ ဖုန်မှုန့်များ၊ အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ပြီး သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဓနုဖြူမြို့နယ်အတွင်း အပတ်စဉ် ကြာသပတေးနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)