အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သဘာဝဘေးအန္တရယ်ဆိုင်ရာများအား အသိပညာပေး

ဖြူး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု  သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဖြူး) တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့၊ နံနက် (၉) နာရီခွဲအချိန်က အဆိုပါ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင်   ပြုလုပ်ခဲ့ကြောင်း  သိရသည်။

ထိုသို့  အသိပညာပေးရာတွင် မိုးရာသီကာလတွင် အဖြစ်များသည့် လေပြင်းမုန်တိုင်းဘေး၊ ဆူနာမီဘေး၊ ရေဘေး၊ မိုးခေါင်ရေရှားဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလာပါက သတိပြုလိုက်နာဆောင်ရွက်ရမည့် အခြေအနေ များဖြစ်သည့်  ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ ဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရမည့်အချက်များ၊ ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ် ရမည့် အချက်များအား အသိပညာပေးခြင်းများကို တောင်ငူခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သင်းသင်းထွန်းတို့က အသိပညာပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ရွှေရည်ထက်၊ ဖြူးမြို့နယ်စခန်းမှူး၊ ဒုရဲမှူး အောင်လင်းတို့က ရှင်းလင်းအသိပညာပေးခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့က ညွတ်ကွင်း မြို့အုပ်ချုပ်ရေးမှူး၊ သင်တန်းကျောင်းအုပ်နှင့် ဆရာမများ၊  သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)