ကျောက်ကြီး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ၂၀၂၂ ခုနှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/ သမီးများမှ တက္ကသိုလ်တက်ရောက်သော ကျောင်းသား/ ကျောင်းသူ(၄)ဦးအတွက် တစ်ဦးလျှင်(၃)သောင်းကျပ်၊ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူ(၅)ဦး အတွက်တစ်ဦးလျှင်(၂)သောင်းကျပ်၊ အခြေခံပညာအလယ်တန်းအဆင့်တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူ(၁၂)ဦးအတွက် တစ်ဦးလျှင်(၁)သောင်းခွဲကျပ်၊ အခြေခံပညာမူလတန်းအဆင့်တွင် တက်ရောက်နေသော ကျောင်းသား/ကျောင်းသူ(၁၈)ဦးအတွက် တစ်ဦးလျှင်(၁)သောင်းကျပ်၊ စုစုပေါင်းကျောင်းသား/ ကျောင်းသူ(၃၉)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း(၅)သိန်း(၈)သောင်းကျပ်တိတိအား ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဝန်ထမ်းမိသားစု တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ပွဲအား ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)