ဒိုက်ဦးမြို့တွင် ၂၀၂၂-၂၀၂၃ ခု၊ လုပ်ငန်းရာသီနှစ် (တတိယ) အကြိမ် ဂရမ်အင်းများ​လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ (တတိယ) အကြိမ် အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနား ကျင်းပ

ဒိုက်ဦး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၂-၂၀၂၃ ခု၊ လုပ်ငန်းရာသီနှစ် (တတိယ) အကြိမ် ဂရမ်အင်းများ​ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ (တတိယ) အကြိမ် အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်က အဖွင့်အမှာစကားပြောကြားပါသည်။ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးထွန်းက အင်းလေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်း များကို ပြောကြားပါသည်။

ထို့နောက် အကြိမ်ဂရမ်အင်းများ​ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းပြုလုပ်ရာ ဂရမ်အင်း ၄ အင်းနှင့် တင်ဒါချက် ၁ ချက်တို့အား ရောင်းချရကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရသည်။

မြို့နယ်(ပြန်/ဆက်)