ပခုက္ကူခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပခုက္ကူ ဇွန်၁၆

ပခုက္ကူခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၆ရက် နံနက် ၁၀ နာရီက ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်အမျိုးသမီးကော်မတီဝင်များအနေဖြင့် ဒေသ၏အခြေအနေ၊ ဓလေ့ထုံးစံများနှင့်အညီ အမျိုးသမီးအခွင့်အရေးများ မဆုံးရှုံးစေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်အကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီများ ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်ကော်မတီဝင်များကဌာန အဖွဲ့အစည်းအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြကြောင်းသိရသည်။

ကိုဇော်(ဓာတု)