ကန့်ဘလူ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရုံးဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် ခရိုင်နှင့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး အဆောက်အဦအား ပြည်ထောင်စုအစိုးရ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်နေသည့် နှစ်ထပ်အာရ်စီ အဆောက်အအုံမှာ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေသည့် Grate Our Hope ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်လင်းထံမှ သိရသည်။
အဆိုပါ အဆောက်အဦမှာ အလျား ၄၈ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၆ ပေခွဲ အာရ်စီနှစ်ထပ် အဆောက်အအုံဖြစ်ပြီး၊ ချိန်းလင့်သံစကာဖြင့် ခြံစည်းရိုးကာရံခြင်း ၉၇၈ ပေလုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ပြည်ထောင်စုအစိုးရ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၅၂ ဒသမ ၃ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ဇွန်လကုန်အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)