သာယာဝတီ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မီးသတ်စခန်းများတွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ ယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန်မှုအဆင်သင့်အတွက် စုဖွဲ့ထားရှိမှုများကို ယနေ့နံနက် ၇ နာရီက ခရိုင်မီးသတ်စခန်းအား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစန်းဝင်းက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းသို့ ကြည့်ရှု့ရာတွင် သယာဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမင်းသိမ်းထွန်းက ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်ဦးစီးဌာနများရှိဝန်ထမ်းအင်အား၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မုန်တိုင်းများဖြစ်ပေါ်ကာ မကြာခဏမိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများကြောင့် ရုတ်တရက်ရေကြီးမှုများနှင့်အတူ သစ်ပင်များပြိုလဲ၍ လူနေအိမ်နှင့်အခြားအဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ အများပြည်သူသွားလမ်းမကြီးများပေါ် သစ်ပင်လဲကျပိတ်ဆို့ခြင်း၊ လေဘေးဒဏ်ကြောင့်လူနေအိမ်များနှင့် အခြားအဆောက်အဦများအမိုးလန်ပျက်စီးခြင်း၊ ပြိုကျခြင်းအစရှိသည်တို့ မကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ခရိုင်နှင့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)