မြန်အောင် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် နေကြာမျိုးစေ့ထုတ်သမဝါယမ အသင်းများသို့ အရင်းမပျောက်မတည်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးဝင်းနိုင်က နေကြာမျိုးစေ့ထုတ် တောင်သူများဖြင့် ဖွဲ့စည်းထားသော သမဝါယမအသင်းစုများသို့ နေကြာစိုက်ပျိုးချိန် ရာသီအမီ အရင်းမပျောက် မတည်ငွေ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် သမဝါယမစိုက်ပျိုးရေးလုပ်ငန်း အရင်းမပျောက်မတည်ငွေထောက်ပံ့ပေးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်အောင်မြို့နယ် နေကြာမျိုးစေ့ထုတ် သမဝါယမအသင်းများသို့ အရင်းမပျောက် မတည်ငွေများ ပေးအပ်ခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၉)အုပ်စုမှ နေကြာစိုက်ပျိုးရေး သမဝါယမအသင်း (၁၈)သင်းသို့ အရင်းမပျောက်မတည်ငွေ တစ်ဧက (၇၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ၇၆၉ သိန်းကျော် ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မှသိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)