ကျိုက်ဒုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ယုဇနလမ်းဘေးအုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကျိုက်ဒုံ ဇွန် ၁၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလတွင် လမ်းပေါ်၌ရေများတင်ကျန်မှု မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၁၂.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ ယုဇနလမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှတ်(၄) ရပ်ကွက်၊ယုဇနလမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ရာတွင် အုတ်စီရေမြောင်း အရှည် (၄၅၀) ပေ၊ အကျယ် (၂) ပေ၊ အမြင့် (၂) ပေဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ (၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)