ဟင်္သာတ ဇွန် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်း ဖွံဖြိုးရေးလုပ်ငန်းများအတွက် ဟင်္သာတမြို့၊ လယ်တီကွင်း ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာထွန်းမှ သမဝါယမအသင်းများ၏ Daedong ဆက်စပ်ပစ္စည်းကာလလွန်၊ ကာလမပြည့် ကြွေးကျန်စာရင်းများအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းစုချုပ်တွင် ကျန်ရှိသည့် Daedong စက်ကိရိယာများအား မြို့နယ်အသင်းစုများသို့ ခွဲဝေရောင်းချမှုအခြေအနေ၊ Daedong ကာလလွန် ကြွေးကျန်ကောက်ခံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ သမဝါယမအသင်းများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ဝန်ထမ်းဖွဲ့စည်းပုံအင်အားနှင့် ခန့်ပြီးဝန်ထမ်းစာရင်း အခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ၌ ပံ့ပိုးပေးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ခရိုင်/မြို့ နယ်ဝန်ထမ်းအင်အား အခြေအနေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရံပုံငွေ စီမံကိန်းအခြေအနေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)အခြေအနေတို့အား ရှင်းလင်း တင်ပြခြင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်တင်မှ NEP(Solar Home System)ဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေး ဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ Mini-Grid ဆောင်ရွက်မှု အခြေအနေ တို့အား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်တင်၊ မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာထွန်းနှင့် ဝန်ထမ်းများ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်၍ ဟင်္သာတမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ