မြို့သစ် ဇွန် ၁၆
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာ မိမိခြံဝိုင်းအတွင်း စိုက်ပျိုးထားရှိသော ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးထားရှိသော အပင်မှ ယခုနှစ် အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ပုတီးကုန်းကျေးရွာမှာလဲ ထိုင်ဝမ်ပိန္နဲများကို စိတ်ဝင်စားကာ စိုက်ပျိုးရန်ဆောင်ရွက်နေကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုးပင်များအား ကျောက်ပန်းတောင်းသို့ သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင် ငါးထောင်ကျပ်မှ ကိုးထောင်ကျပ်ထိ ပေးဝယ်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့်တစ်ပင် (၁၂)ပေခြား စိုက်ပျိုးရပြီး၊ မစိုက်ပျိုးမှီ တစ်ပေခွဲပတ် လည်တူးကာ မြေဆီ၊ မြေဆွေးထည့်ပြီး ဆယ်ရက်ခန့်ရေလောင်း နှပ်ထားရကြောင်း မြို့လုလင်ကျေးရွာ ထိုင်ဝမ်ပိန္နဲစိုက်ပျိုးသူ ဦးဘီအောင်ကရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲပင်များ စတင်စိုက်ပျိုးပြီး တစ်နှစ်ခွဲခန့်အကြာတွင် စတင် အပွင့်ပွင့် အသီးသီးသော်လည်း အသီးများမတင်ပဲ နှစ်နှစ်ခွဲသားအပင်မှသာ အသီးစတင်ကြောင်း သိရသည်။ ထိုင်ဝမ်ပိန္နဲပင်များအရွယ် ရောက်လာသည့်အခါ သီးအားကောင်းလျှင် ပိန္နဲပင်တစ်လျှင် ပိန္နဲသီးအနည်းဆုံး သုံးလုံးမှ အလုံးငါးဆယ်ထိ သီးတာကြောင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရအောင် တစ်ပိုင်တစ်နိုင် မိမိတို့အိမ်ခြံဝိုင်းအတွင်း စိုက်ပျိုးထားတာဖြစ်ကြောင်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုးသူ ဦးဘီအောင်ထံမှ သိရသည်။
ကိုဇော် (ပြန်/ဆက်)