သရက်ချောင်းမြို့၌ GENDER CEDAW NSPAW အသိပညာပေး ရက်တိုသင်တန်းကျင်းပ

သရက်ချောင်း  ဇွန်  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ လူမှုဝန်ထမ်းမှုလတန်းကြိုကျောင်းတွင် ကလေးသူငယ်မိဘများအား GENDER CEDAW NSPAW အသိပညာပေးရက်တို သင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက အမျိုးသမီးများအား အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန်သိကောင်းစရာများ၊ အမျိုးသမီးများအပေါ်ခွဲခြားမှုအမြင်များနှင့် အစွဲများပပျောက်အောင်လုပ်ဆောင်ပေးခြင်း၊ အမျိုးသမီးများအားနည်း ဩမျိုးစုံဖြင့်ကူသန်းရောင်းဝယ်ခြင်း၊ ပြည့်တန်ဆာဖြင့် စေခိုင်းခြင်းများတားဆီးပေးခြင်း၊ ဆုံးဖြတ်ချက်ချရာတွင်ပါဝင်ခွင့်ပေးခြင်း၊ တရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်ခွင့်ရှိ စေရေး ဩစသည့်သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မိဘများကသိလိုသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခြင်းများဆောင်ရွက်ပြီးအဆိုပါအခမ်းအနားသို့ ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)