လက်ပံတန်းမြို့နယ် အလက (ကျွန်းကလေး)ကျောင်း၌ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

လက်ပံတန်း  ဇွန်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် နာရီက ကျွန်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း က  ကျောင်းသား/ကျောင်းသူလေးများ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ စီးပွားရေးဆိုးကျိုးများ၊ လူမှုရေးဆိုးကျိုးများနှင့် ဥပဒေအရအရေးယူခံရနိုင်သည်များအား ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ် က သက်ငယ်မုဒိန်းမှုများကြိုတင်ကာကွယ်ရေးနှင့် မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ကျောင်းသား/ ကျောင်းသူလေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး ဟောပြောခဲ့ပြီး နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)