သဲကုန်း ဇွန် ၁၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် အ.ထ.က သဲကုန်း၊ အ.ထ.က ပုတီးကုန်းနှင့် အ.ထ.ကခွဲ အင်ပင်လှကျောင်းများတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တို့ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ယမန်နေ့ကအထိ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၉၁၃၄၆) ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၈၇၃၉၀) ဦး၊ Booster ထိုးပြီးသူ (၁၁၂၀၄) ဦးရှိပြီး၊ အသက်(၁၂) နှစ် အထက်ကျောင်းသား၊ ကျောင်းသူ (၁၀၆၀) ဦးနှင့် အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား၊ ကျောင်းသူ (၉၀၉၀) ဦး ထိုးနှံပြီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး (ပြန်/ဆက်)