ရွှေတောင် ဇွန် ၁၅
ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ သတင်းသမားများ လိုက်နာရမည့်စည်းကမ်းများနှင့် သတင်းထောက်များ လိုက်နာရမည့် အချက်အလက်များသိရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေးသင်ခန်းစာ မှတ်စုစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ဝန်ထမ်းများသတင်းထောက်များ လိုက်နာရမည့်အချက် (၁၀) ချက်နှင့် အချိန်နှင့်တပြေးညီ သတင်းများထုတ်ပြန်နိုင်ရေး လျင်မြန်လွယ်ကူစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ V သုံးလုံးဖြင့် ထိရောက်အောင် သတင်းတင်ဆက်ခြင်း၊ စကားပြောဆိုရာတွင် လိုက်နာရမည့်အချက်များကို ဦးကိုကိုမင်း ဓာတ်ပုံ-၂ က ဖတ်ကြားဆွေးနွေး ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဝန်ထမ်းများဌာနအတွင်း လုပ်ငန်းများကို လုပ်ကိုင်ရာတွင် ကျွမ်းကျင်မှုရှိလာစေရန်နှင့် စာဖတ်သည့် အလေ့အထပိုမို အားကောင်းလာစေရန် ရုံးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများနှင့် ပတ်သက်သည့် ရုံးလုပ်ငန်းများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကိုလစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)