လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓါတ်မြေဩဇာများ လက်ငင်းငွေချေစနစ်ဖြင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်           

လပွတ္တာ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓါတ်မြေဩဇာများ လက်ငင်းငွေချေ စနစ်ဖြင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ညှိနှိုင်းခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ယူရီးယားဓါတ်မြေဩဇာများ လက်ငင်းငွေချေစနစ်ဖြင့် ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်တွင် လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းမှ ရှင်းလင်းပြောကြားရာတွင် မိုးစပါးစိုက်ပျိုးတောင်သူလယ်သမားများ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သော ယူရီးယားဓါတ်မြေဩဇာအားလုံးအသုံးပြုပြီး စိုက်ပျိုး သီးနှံများ ပိုမိုဖြစ်ထွန်းကာ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အရည်အသွေးကောင်းမွန်သော ဓါတ်မြေဩဇာများအား ()အိတ် လျှင် (၈၆၅၀ဝိ/-) ရှစ်သောင်းခြောက်ထောင်ငါးရာကျပ်တိတိဖြင့် ပထမအကြိမ် အိတ်ရေ (၃၀၀၀)ကို ယနေ့ စတင်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ရာ ဓါတ်မြေဩဇာများဝယ်ယူလိုသည့် တောင်သူများ အနေဖြင့် ကျေးရွာလယ်/စီအဖွဲ့များထံတွင် သတ်မှတ်ပုံစံများဖြည့်သွင်းပြီး လက်ငင်းငွေချေ စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော တောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ယူရီးယား ဓါတ်မြေဩဇာအိတ် ယနေ့ (၅၉)အိတ်ကို တောင်သူများမှ လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်