ရေဖြူမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်သို့ ဆရာမတားရော့ခ်နှင်းဆီက စာအုပ်စာစောင်များ လာရောက်လှူဒါန်း

ရေဖြူ ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ‌ရန်ကုန်မြို့၊ ဆရာမဇင်နွယ်အေး (တားရော့ခ်နှင်းဆီ) က ယနေ့နေ့လယ် (၁) နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်လှူဒါန်းမှုတွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ သည်။

ဆရာမတားရော့ခ်နှင်းဆီ လှူဒါန်းသောစာအုပ်များမှာ စာရေးဆရာမမစန္ဒာ၏ ဝတ္ထုတို၊ ဝတ္ထုရှည် (၁၈) အုပ်၊ ခင်ခင်ထူး၊ ချစ်ဦးညို၊ အညို၊ ဆရာတော်ဦးဇောတိက၊ ကိုကိုလေး၊ ကိုစိုးထိုက်(ဖဒို)၊ မြိုင်ရာဇာတွတ်ပီစသည့် သုတရသ စာအုပ် (၇၈) အုပ်တို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး (၃) သိန်းကျော်ရှိကြောင်း သိရသည်။

ရေဖြူ (ပြန်/ဆက်)