မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်

ပြည်  ဇွန်  ၁၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၌ ယနေ့နံနက် ၁၀ နာရီက "စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ အမှတ်() ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (ဝက်ထီးကန်) ကျောင်းအုပ်ကြီး ရဲမှူးကြီး ဆန်းကိုနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ (မူးယစ်ဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်စွာ တို့က သင်တန်းဖွင့်အမှာစကားများပြောကြားပြီး စခန်းတာဝန်ခံ ဦးစဝင်းနိုင် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် အဆိုပါစခန်းမှ မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသား ၂၀ အား စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေး လှုပ်ရှားမှုများဆောင်ရွက်ပေးပြီး  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပါအဝင် (ဆံပင်ညှပ်၊ ဆိုင်ကယ်ပြုပြင်ရေး၊ ဘိလပ်မြေဖြင့်အုတ်ပြုလုပ်နည်း၊ ဆပ်ပြာဆီပြုလုပ်နည်း) အစရှိသည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်တန်းကာလ ရက် ၉၀ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သင်တန်းဆရာ/မများနှင့် သင်တန်းသားများတက်ရောက်ကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများအပါအဝင် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ယင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)