ချောင်းသာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်များတွင် မိုးရာသီကာလ ရေမြောင်းများ ရေစီးရေလာကောင်မွန်စေရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေသည့် အမှတ်(၂)ရပ်ကွက်၊ မကျီးချောင်းလမ်း ရေနုတ်မြောင်းပြင်ဆင်တူးဖော်ခြင်း၊ မြောင်းဘောင်ခတ်ခြင်းနှင့် ရေမြောင်းအတွင်းရှိ အမှိုက်များဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
ချောင်းသာမြို့တွင် မိုးရာသီကာလရပ်ကွက်များအတွင်း ရေဝပ်မှုမရှိစေရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မြို့စည်ပင်သာယာရေးအဖွဲ့၏ ဆောင်ရွက်မှုများအပြင် ဒေသခံပြည်သူတို့မှလည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရ သည်။
ကျော်ကျော်(ပြန်/ဆက်)