ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်အုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံပေး

ဒေးဒရဲ ဇွန် ၁၆

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ နှင့်အညီ ကာကွယ်ဆေးများကို စုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၈)နှစ်နှင့်အထက် (၁၄၈၀၃၃)ဦး၊ (၁၅၁၈)နှစ်အထိ (၉၅၄)ဦး၊ (၅နှစ်မှ၁၂နှစ်)ထိ (၁၅၄၉၀)ဦးနှင့် အပိုဆောင်းထိုးနှံမှု (Booster) ထိုးနှံပြီးစီးသူ (၂၆၀၇)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီး ကျန်ရှိသူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း