ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကို ယနေ့နံနက် ၈:၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီက အဖွင့်အမှာစကားပြောကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သဘောတရားနှင့်အမျိုးအစားများ၊ သဘာဝတရားနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်း၊ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြိုတင်သတိပေးစနစ်ကို ခြုံငုံလေ့လာခြင်းများ၊ ရှာဖွေရေးနှင့်ကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ လူမှုစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ခြင်းစသည့် ဘာသာရပ်များကို သင်တန်းနည်းပြ (၇)ဦးနှင့် ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းတွင် သင်တန်းသား(၃၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ(၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)