ကျောက်တံခါး ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် ဟောပြောပွဲတွင် ကျောက်တံခါး(မြို့မ)ရဲစခန်းမှူး ဒုရဲမှူး ထွန်းလင်းခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်တို့က မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသည့်ခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်းမှ ကျောင်းသား/သူများက သိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား/သူများကို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)