ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးစီမံကိန်းကို ကရင်ပြည်နယ်အတွင်း ကျေးရွာ(၃)ရွာတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်

ဘားအံ ဇွန် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများရှိ အခြေခံအ ဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသော နေချင်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်ပြီး ခေတ်မီစံပြကျေးရွာထူ ထောင်ရေးစီမံကိန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်နိုင်ရေး ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိမုက္ကဒိကျေးရွာ၊ ထုံးအိုင်ကျေးရွာ၊ နော်ဖဒိုကျေးရွာတို့တွင် စီမံကိန်းကျေးရွာ(၃)ရွာကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မုက္ကဒိကျေးရွာ၊ မုက္ကဒိ ခေတ်မီ စံပြကျေးရွာ(Smart Village)စီမံကိန်းတွေ့ဆုံပွဲကို ဇွန်လ၁၄ ရက်နေ့ညနေပိုင်းက မုက္ကဒိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်နှင့် အဖွဲ့သည်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာကော်မတီများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ညွှန်ကြားရေးမှူး ဦးရန်နိုင်က မုက္ကဒိကျေးရွာ ခေတ်မီစံပြကျေးရွာ (Smart Village)စီမံကိန်းနှင့် ပတ်သက်၍ စီမံ ကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသောကော်မတီဥက္ကဋ္ဌ ဦးစောစံထူး၊ အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများတို့မှ ကျေးရွာ၏ လုပ်ငန်းလိုအပ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုတွင်  ကျေးရွာ (၃)ရွာစီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)