ပိုင်ကျုံ ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၆.၁၉၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်း အား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လ ၁၃ ရက်နေ့မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာဇွန်လ ၁၅ရက်နေ့တွင်ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်(၁၆၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက်အဆင်ပြေလွယ်ကူစေပြီး ကျန်းမာရေး၊ ပညာရေး၊စီးပွားရေး၊လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီး ဖြစ်ကြောင်းသိရသည်။
နော်ခူး (ပြန်/ဆက်)