မင်းတုန်း ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မိုးကောင်းကျေးရွာတွင် ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ် စိုက်ခင်းအပင်ကြီးထွားရှင်သန်မှုကို ယနေ့နံနက် ၈ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်း ကြည့်ရှုခဲ့ရာ အပင်များ ပိုးမွှားကျရောက်မှု အနည်းငယ်ရှိသည့်အတွက် တောင်သူများအား ပိုးသတ်ဆေးဖြန်းစေခဲ့ကြောင်း သိရသည်။
စားသုံးဆီဖူလုံးရေးအတွက် မင်းတုန်းမြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို မိုးသီးနှံနှင့် ဆောင်းသီးနှံ သီးညှပ် ၃၉၅ ဧကနှင့် သီးသန့် ၉၀၈ ဧက စိုက်ပျိုးရန်လျာထားပြီး နေကြာမိုးသီးနှံအတွက် သီးသန့် ၂၈ ဧကနှင့် သီးညှပ် ၄၀၈ ဧက စုစုပေါင်း ၄၃၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)