နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမှ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်စင်က အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားခဲ့ပြီး၊ အသက် ၈၅ နှစ်အထက် အဘိုး/ အဘွားများဖြစ်သည့် အဘိုး (၄၀၁) ဦး၊ အဘွား (၈၄၅) ဦး စုစုပေါင်း (၁၂၄၆) ဦးတို့အား တစ်ဦးလျှင် ပထမ သုံးလပတ် အတွက် (၃၀၀၀၀) ကျပ်နှုန်းကို တာဝန်ကျ ရပ်ကွက်/ ကျေးရွာများရှိ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများမှတဆင့် ရပ်ကွက်/ ကျေးရွာများရှိ အသက်ကြီးအဘိုး/ အဘွားများအား ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်/ကျေး စာရေးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
လှဝင်း