ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ဇီးကုန်း ဇွန် ၁၅

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ၌ ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ “မူးယစ်ကိုရှောင် ပြည်သစ်ထူထောင်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ သူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ် စာစောင်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)