ပန်းတောင်း စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အတွင်းရှိ ပြည်သူများမှ ကိုဗစ် ၁၉ ရောဂါ ကာကွယ် နိုင်ရေးအတွက် ဥသျှစ်ပင် စျေးအတွင်းရှိ လူစည်ကားရာနေရာများဖြစ် သည့် စျေးနှင့် ကိုဗစ် ၁၉ ကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်များတွင် Mask တပ်ဆင် သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတိုးအောင်လွင်နှင့် ဝန်ထမ်းများက နှာခေါင်းစည်းမတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းဝေငှပေးခြင်း၊ အပြင်ထွက်သည့်အခါ စျေးရောင်း၊ စျေးဝယ်ပြုလုပ်သည့် အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့်ပြည်သူများ သိရှိနိုင်စေရန်အတွက် ကြေညာပေးခြင်းများ ၊ ကိုဗစ်− ၁၉ သီချင်းဖြင့် ပညာပေးကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)
