ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားခြင်းရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်ခြင်းရှိ/မရှိ၊ စက်သုံးဆီပုံမှန်ဖွင့်လှစ်ရောင်းချမှုရှိ/မရှိနှင့် လုံခြုံရေးအခြေအနေတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ​ရေးအဖွဲ့တို့ဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)