ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်ရသဖြင့်အခြေခံပညာမူလတန်းကျောင်း ပြောင်းရွှေ့မှုအားကွင်းဆင်းကြည့်ရှု

စလင်း ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စု ငွေသောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဧရာဝတီမြစ်ရေတိုက်စား၍ ပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့မှုနှင့် ပြည်သူများအား စလင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ဇွန်လ (၁၃)ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည်ရှုဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအောင်သူနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်နှင့် ဌာနဆိုင်ရာများက သနပ်ကုန်းကျေးရွာအုပ်စု ငွေသောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စခန်းမှူး ဟိန်းဇော်လင်းဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်းအား ရွှေ့ပြောင်းနေမှုနှင့် ပြည်သူများ၏ နေအိမ်များရွှေ့ပြောင်းနေမှု၊ ဧရာဝတီမြစ်ရေတိုက်စားလာသောကြောင့် မြစ်ကမ်းပါး နှင့်နီးစပ်မှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြရာ ဒေသခံပြည်သူများ၏ နေအိမ်အပါအဝင် ဘုန်းတော်ကြီးကြောင်း(၁)ကျောင်း၊ စာသင်ကျောင်း၊ စုစုပေါင်းယမန်နေ့အထိ ပြောင်းရွှေ့(၁၉၃)လုံးရှိကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

မောင်လွင် (ပြန်/ဆက်)