ထားဝယ်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနက Google Apps အသုံးပြုခြင်းဆိုင်ရာ သင်တန်းပို့ချ

ထားဝယ် ဇွန် ၁၅

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Google Apps အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Zoom meeting ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက Google ဖြင့် ဖန်တီးထားသော Apps များအား သင်တန်းသားဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် လိုအပ်သကဲ့သို့ Google Apps Suite များကို ကောင်းစွာအသုံးချ တတ်ရန်လိုအပ်ကြောင်း၊ Google Appsများ၏ စွမ်းဆောင်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဉာဏ်ရှိသလို အသုံးချတတ်ရန်လိုကြောင်း ပြောကြား သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက  Gmail မှတစ်ဆင့် Googel Applications အသုံးပြုခြင်းများ၊ Google Drive တွင် Data များ ထည့်သွင်းခြင်း၊ Google Docs ကို အသုံးပြုပြီး PDF ဖိုင်များကို Word ဖိုင်အဖြစ်ပြောင်းခြင်း၊ Acrobat Software install လုပ်ခြင်း၊ PDF ဖိုင် အချင်းချင်း စာမျက်နှာပေါင်းခြင်း၊ ဖြုတ်ခြင်း၊ Edit လုပ်ခြင်းများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ အမှုထမ်း/အရာထမ်း(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ရွှေပင်လယ်(ထားဝယ်)