ထီးချိုင့် ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)စံပြရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာ၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရန် ရေသိုလှောင်သည့်ရေကန်များ၊ သောက်ရေအိုးစင်များ၊ ဘုရားပန်းအိုးများ၊ ရေတင်ကျန်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)