ဘိုကလေး၌ မိတ္ထီလာမှ ယာဉ်မောင်းသင်တန်းတက်ရောက်ပြီး နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်ထားရှိပြီး နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ဓာတ်ခွဲနိုင်ရေး ဆောင်ရွက်

ဘိုကလေး စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဝေါလ်ဗွီးရှင်း(World Vision Myanmar) အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်တွင်းရှိ ကျေးရွာအချို့မှ ပြည်သူ(၃၂)ဦးအား  ဩဂုတ်(၂၇) ရက်နေ့တွင် မိတ္ထီလာမြို့သို့ ယာဉ်မောင်းသင်တန်း စေလွှတ်ခဲ့ပြီး ၎င်းတို့နေရပ် ဘိုကလေးမြို့ သို့ ပြန်လာချိန် ယမန်နေ့တွင်  အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၌ အသွားအလာ ကန့်သတ်(Facility Quarantine) ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါ နေရပ်ပြန်များ အနက်မှ(၁၀)ဦး၏ နှာခေါင်း၊ အာခေါင်တို့ဖတ်(Swab) နမူနာ ကို ယနေ့ နံနက်(၁၀)နာရီခန့်တွင် တာဝန်ရှိသူများမှ ရယူခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ အသွားအလာ ကန့်သတ်(Facility Quarantine) ထားရှိသူ ကျား(၃၃)ဦး နှင့် မ(၃)ဦးရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)