သာပေါင်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်မှစတင်၍ ပြည်သူများ သွားလာစည်ကားရာ ဈေးထိပ်၊ လမ်းဆုံလမ်းမမှ ပူးပေါင်းအဖွဲ့ဝင်တို့က ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းများ၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် စစ်သည်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်းရှိ သီရိရွှေသာဈေးနှင့် ဧရာဝတီဘဏ်ရှေ့တို့မှနေ၍ ဈေးရောင်း ဈေးဝယ်များ၊ ခရီးသွားလာပြည်သူတို့ကို သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေးအသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန်ဝေပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်